ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး မြန်မာနိုင်ငံတော်သစ်အတွက် ရိုးသားဖြောင့်မတ်ခြင်းကို အခြေခံကြဖို့လိုသည် - အပိုင်း (၂)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး မြန်မာနိုင်ငံတော်သစ်အတွက် ရိုးသားဖြောင့်မတ်ခြင်းကို အခြေခံကြဖို့လိုသည် - အပိုင်း (၂)

မြန်မာနိုင်ငံတော်သစ်အတွက် ရိုးသားဖြောင့်မတ်ခြင်းကို အခြေခံကြဖို့လိုသည် - အပိုင်း (၂)

Print PDF
User Rating: / 5
PoorBest 
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

 

စိတ်ဓါတ်စစ်ဆင်ရေး ပညာရပ်မှာ စစ်ကျောင်းကြီးများတွင် ဘာသာရပ်တခုအနေဖြင့် သင်ကြားစေခြင်း၊ နည်းပြအရာရှိသင်တန်းများဖွင့်လှစ်ခြင်းဖြင့် လုံလောက်သည့်အတွက် အနာဂတ်တွင် တိုက်စည်းသင်တန်းကျောင်းများကို ဖျက်သိမ်းခြင်း (သို့) “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုသော ပြည်သူလူထုအပေါ် ဦးထိပ်ရွက်စေမည့် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး အနေဖြင့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ပြောင်းလဲသင်ကြားခြင်း ပြုလုပ်သွားဖို့ လိုအပ်သည်။

ဤကျောင်းများသည် တပ်မတော်သားများ၏ စိတ်ဓါတ် ကောင်းမွန်တက်ကြွနိုင်အောင် စွမ်းဆောင်နိုင်သည် မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ တပ်မတော်တိုင်း စစ်ရေးသုံးသပ်ချက် လုပ်ကြရာတွင် စိတ်ဓာတ်ဆိုသည်မှာ မဖြစ်မနေပါရှိသည်။ ယခုအခါ၌ မြန်မာ့တပ်မတော်၏ အဆုံးအရှုံးများတွင် တပ်မတော်သားများ၏ စိတ်ဓါတ် ယိုယွင်းကျဆင်း နေခြင်းသည်လည်း အကြောင်းရင်းတရပ် ဖြစ်သည်။

ထို့ကြောင့်လည်း စိတ်ဓါတ်များ ပျက်ပြားကာ နောက်ဆက်တွဲ အနေဖြင့် ကိုယ်ကျင့်တရားများလည်း ယိုယွင်းပျက်စီး လာခဲ့လေသည်။ “ပေးတာယူ၊ ကျွေးတာစား၊ ခံမပြောနဲ့” ဆိုတဲ့ အမိန့်တွေ ယခုခေတ်မှာ သုံးလို့ မရနိုင်တော့ပေ။ ကိုယ်ကျင့်တရားများ ပျက်ဆီးလာမှုကို အမိန့် အာဏာတခုတည်းဖြင့် လုံလောက်အောင် တားဆီးနိုင်မည် မဟုတ်သည့်အတွက် ဘာသာတရား အဆုံးအမများ၊ လောကသဘာဝ အခြင်းအရာများဖြင့်ပါ ပညာပေးဆောင်ရွက်သင့်သည်။

 

ဆရာတော်တပါးကို ဗိုလ်ချုပ် တစ်ဦးမှ ၀တ္ထုကဒ်လှူနေပုံ

ဥပမာအားဖြင့် http://www.demowaiyan.co.cc/2011/12/blog-post_982.html ကချင်ပြည်နယ်အတွင်းမှ စစ်အနိဌာရုံတခုကို သက်သေပြလို၏။ အနိမ့်ဆုံး လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ပျက်စီးမှုသည် ကိုယ်တိုင် ရာဂ၊ ဒေါသ၊ မောဟမီးလောင်နေသကဲ့သို့ အနည်းဆုံး သူ့ပါတ်ဝန်းကျင်ကိုတော့ ဒုက္ခဆင်းရဲများပေးနေသည်ကို သိလာပေလိမ့်မည်။ ထိုထက်ပို၍ စဉ်းစားဆင်ခြင်တတ်သူများအဖို့ လူတဦးချင်းစီ၏ စိတ်ဓါတ်များ ယိုယွင်း ပျက်စီးခြင်းသည် များပြား၍ အကြောင်းများပေါင်းဆုံလာသည့်အခါ ကမ္ဘာလောကကြီးကိုပင် ပျက်စီးစေနိုင်သည်ကို နားလည်သဘောပေါက်လာပေလိမ့်မည်။ Good Government နဲ့ Clean Government ဟု ကြွေးကြော်နေမည်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ၀န်ထမ်းများအား လစာတိုးပေးသလို အဂတိလိုက်စားမှုကို ထိထိရောက်ရောက် အရေးယူ ပေးဖို့ လိုအပ်ပါသည်။

“ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း။ (ကန်တော် မင်းကျောင်းဆရာတော် - လောကသာရဆုံးမစာပျို့)”

မြန်မာပြည်သည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကထား၍ ကိုးကွယ်သူ လူဦးရေ များပြားသော ဝိသေသရှိသည့် နိုင်ငံတခု ဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမကို ခံယူရသည့်အတွက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စသည့် ဗြဟ္မစိုတရားလေးပါးဖြင့် ရိုးသားအေးချမ်းစွာ နေထိုင် လာခဲ့ကြ၏။ ရှေးအခါက ကိုယ်ကျင့်တရားကောင်းပြီး သီလမြဲသော သမ္မာဒိဌိလူမျိုးဟူ၍ မိမိတို့ ကိုယ်ကို မိမိတို့ အမွမ်းတင်နိုင်လောက်ခဲ့ကြ၏။ ဤဘက်ခေတ်တွင်ပင် မန္တလေးသား ကမ္ဘာကျော် ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ဆရာ ငွေစာရင်းမင်းကြီး ဦးဘခင်ကဲ့သို့ နယ်ချဲ့တိုင်းတပါးသားတို့ သြချရလောက်အောင် ရိုးသားသော ပုဂ္ဂိုလ်ကျော်များ အများအပြား ရှိခဲ့ကြပါသည်။

လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုများ၊ အကျင့်စာရိတ္တများ ပျက်စီး နိမ့်ကျခြင်းနှင့် မှားယွင်းသော အတွေးအခေါ် ခံယူကျင့်သုံးမှုများသည် အစာရေစာ ပြတ်လတ် ငတ်မွတ်ခေါင်းသော ဘေးဒုက္ခ (ဒုဗ္ဘိက္ခန္တရကပ်)၊ လက်နက်ဘေး (သတ္ထန္တရကပ်) Bird Flu/ A(H1N1)/ Cancer/ AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ စသည့် ခေတ်ပေါ် ရောဂါဆန်းများ အပါအဝင် ရောဂါဘယဘေး (ရောဂန္တရကပ်) ဆိုးကြီးများ သဘာဝဘေးအန္တရယ်ဆိုးများ ကျရောက်ရခြင်း၏ အခြေခံ အကြောင်းရင်း ဖြစ်သည်။

မြန်မာပြည်၏ ကြုံတွေ့နေရသော အခြေအနေဆိုး အရပ်ရပ် သည်လည်း အုပ်ချုပ်သူ မင်းဆိုးမင်းညစ်များကြောင့်ဟု၎င်း ဆင်းရဲကြပ်တည်း နွမ်းပါးသောကြောင့်ဟု၎င်း ပြောဆိုနိုင်သည့်တိုင် အမှန်တကယ် မြန်မာပြည်သူပြည်သား အပေါင်း၏ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် ခံယူချက်များ မှားယွင်းကျင့်သုံးခြင်း၊ အကျင့်စာရိတ္တများ ယိုယွင်းပျက်စီးမှု များပြားလာခြင်းသည်လည်း အခြေခံအကြောင်းတရား ဖြစ်နေသည်ကို သုံးသပ်မိသည်။

အပြန်အလှန်တည်မှီနေသော အကြောင်းအကျိုး ဆက်နွယ်မှု တရပ် ဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂါတ်ကံဇာတာ မြင့်မား တောက်ပ လာစေရန်နှင့် မြန်မာအပေါင်း ဂုဏ်ယူဝံ့ကြွားလောက်သည့် လူမူအခြေအနေ ပါတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာဖို့ ရန်မှာ ကိုယ်စီကိုယ်စီ ရိုးသားဖြောင့်မတ်မှု စိတ်ဓါတ် အခြေခံကောင်းများကို ပြုစုပျိုးထောင် ကျင့်ကြံလိုက်နာသွားကြရန် လိုသည်။ မည်သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကို ဦးစွာ ပြုပြင်ယူကြရမည်ဖြစ်သည်။

အပိုင်း (၃) ကို နောက်အပတ်မှာ ဆက်လက် တင်ဆင်သွားမှာ ဖြစ်သည်။

Last Updated ( Wednesday, 15 February 2012 20:13 )  

နောက်ဆုံးရသတင်းများ